Origin of the Logical Operators

Logical Operatorsတွေရဲ့အစ

  • ကျွန်တော်တို့နေထိုင်နေတဲ့ Universeမှာ မတူညီတာ ၂ခုက ယှဥ်တွဲနေလေ့ရှိတယ်။ (ကျားမ၊ အလင်း အမှောင်၊ ကောင်းခြင်း ဆိုးခြင်း စသဖြင့်ပေါ့။ မလင်းတလင်း၊ မမှောင့်တမှောင်၊ အခြောက်ဆိုတာမျိုးတွေလည်း ရှိတာပေါ့။)
  • အရာအားလုံးရဲ့ အစကနေ စပြောရမယ်ဆိုရင် Physics, Chemistryကို နည်းနည်းနားလည်မှရမယ်။
Proton, Electron and Neutron.
  • နာမ်တွေကို Atomတွေနဲ့ ဖွဲ့စည်းထားတယ်။ Atomဆိုတာ နောက်ထပ်ထပ်ပြီး ပိုင်းလို့မရတဲ့ အသေးငယ်ဆုံး အစိတ်အပိုင်းတခုပဲ။ ကျွန်တော်တို့ ခန္ဓာကိုယ်ကလည်း Atomတွေနဲ့ပဲ ဖွဲ့စည်းထားတာပဲ။
  • Atom၁လုံးမှာ Electrons(Negative Charges), Protons(Positive Charges)နဲ့ Neutrons(ဒီကောင်က သူ့သာသူ သီးသန့်နေတာ)ဆိုပြီး ၃ခုပေါင်းစပ်မှ Atomတခုဖြစ်လာတယ်။
  • FYI, ချွင်းချက်အနေနဲ့ Hydrogen Atomဆိုရင်တော့ Neutronမပါဘူး။
Bohr’s Atomic Model
  • Bohr’s Atomic Modelအရပြောရမယ်ဆိုရင် Nucleusကို Electronsတွေနဲ့ ဝန်းရံထားတယ်။ အဲ့ဒီNucleusက Protonsနဲ့ Neutronsပေါင်းပြီး ဖြစ်လာတယ်။ Protonsတွေကပဲ ဒီNucleusကို ပြိုကွဲမသွားအောင် ထိန်းပေးထားတယ်။ ပါတဲ့ Protonsအရေအတွက်ကို ကြည့်ပြီးတော့ ဒီElement(ဒြပ်စင်)က ဘာဆိုတာကို ခွဲခြားနိုင်တယ်။
  • Protonsတွေက Nucleusကို ဝန်းရံထားတဲ့ Electronsတွေကို လွင့်ထွက်မသွားအောင်လည်း ဆွဲထားတယ်။ (“ကျားမ သဘာဝလိုမျိုးပဲ၊ မောင့်အနားက ထွက်မသွားပါနဲ့ မရယ်”ဆိုသလိုပေါ့။)
  • Electronsတွေလည့်ပတ်နေတဲ့ အလွှာလေးတွေရှိတယ်။ အဲ့ဒီအလွှာတွေကို shellsတွေလို့ ခေါ်ပြီးတော့ အပြင်ဘက်ဆုံးShellကို Valence Shellလို့ခေါ်တယ်။ (အဝိုင်းပုံစံလေး မြင်ကြလို့ Valence Bandလို့လည်း ခေါ်ကြတယ်။ အတူတူပဲ။)
  • အဲ့ဒီBandထဲမှာ ရှိနေတဲ့ Electronsတွေကို Valence Electronsတွေလို့ ခေါ်တယ်။ စိတ်ဝင်စားဖို့ကောင်းတာက သူတို့က ပြင်ပကနေ Energyတခုရလာရင် သူတို့Bandထဲကနေ ခုန်ထွက်ပြီးတော့ Conduction Bandကို ရောက်သွားတယ်။ ဒီလို Electronsတွေရဲ့ ပြုမှုပုံကို လေ့လာတဲ့ ပညာရပ်ကို Electronics Engineering(EC)လို့ခေါ်တယ်။
Conduction Band
  • Conduction Bandကိုရောက်ဖို့ဆိုရင် Electronစီးကူးမယ့် Atom၂ခုကြားမှာ Gapတခုရှိမယ်။ အဲ့ဒါကို Band gapလို့ခေါ်တယ်။ Electronခုန်ကူးနိုင်ဖို့အတွက် Atomကနေ ပိုင်ဆိုင်ရမယ့် Energyတခုရှိရမယ်။ Electronခုန်ကူးဖို့ Energyပမာဏနည်းနေရင် ခုန်ကူးနိုင်ဖို့အတွက် Energyပိုလိုအပ်မယ်။
  • ခုခေတ်စကားနဲ့ ပြောရရင် ခြံခုန်တာမျိုးပေါ့။ Band gapအရမ်းကွာနေရင် မခုန်ကူးနိုင်တော့ဘူး။ ဥပမာ လူတယောက်ဆိုရင် ၆ပေအကွာအဝေးလောက်ကို အေးဆေး ခုန်ကူးလို့ရတယ်ဆိုပေမယ့် ပေ၂၀လောက်ဆိုရင် တဖက်ကနေ တဖက်ကို ခုန်ကူးဖို့ မဖြစ်နိုင်တော့ဘူး။ Band gapအရမ်းကွာနေရင် conductivityမကောင်းနိုင်တော့ဘူး။
  • Electronsတွေ ခုန်ကူးခြင်းအကြောင်းကို သိပြီဆိုတော့ conductorနဲ့ insulatorအကြောင်းကို စရှင်းလို့ရပြီ။
  • Conductorဆိုတာသည် လျှပ်ကူးပစ္စည်းပေါ့။ သူ့မှာ Band Gapမရှိဘူး၊ တခုနဲ့ တခုကလုံးဝကို overlapဖြစ်ပြီး ထိစပ်နေတယ်။ Insulatorကတော့ သူ့ရဲ့ပြောင်းပြန် လျှပ်ကာပစ္စည်းပေါ့။ Insulatorဆိုတာသည် Band Gapအရမ်းများတာမျိုးကို ဆိုလိုချင်တာ။
  • “Insulatorဆိုတာနဲ့ လျှပ်စစ် မကူးနိုင်တော့ဘူးလား”ဆိုပြီး မေးစရာရှိတယ်။ ကူးနိုင်တယ်။ Band gapအကွာအဝေးနဲ့ Valence Bandမှာပါတဲ့ electronsအရေအတွက်အရ ပြင်ပကနေ Energyအများကြီး ပေးဖို့လိုအပ်တယ်။ ဥပမာ သစ်ပင်တပင်ကို မိုးကြိုးပစ်ချလိုက်တယ်။ သစ်ပင်ထပ်ခြမ်းကွဲသွားတယ်။
  • သစ်ပင်တပင်ကို Voltအား 220လောက်နဲ့ တို့ထားပြီး အဲ့သစ်ပင်ကို ကိုယ်က ကိုင်လိုက်ရုံနဲ့တော့ ဓာတ်မလိုက်နိုင်ဘူး။ (ဆက်ရှင်းရင် Groundတွေပါပါလာလိမ့်မယ်၊ အဲ့ဒါက ခုရှင်းဖို့မလိုအပ်လို့ မရှင်းတော့ဘူး) မိုးကြိုးက Voltအားသိန်းချီတဲ့ Electronတွေပါနေတဲ့အတွက် ပြင်ပEnergyက အရမ်းများနေလို့ Electronခုန်ကူးနိုင်တာပေါ့။ ဆိုလိုချင်တာက Electronဆိုတာမျိုးက သူခုန်ကူးနိုင်တဲ့ Energyတခုရပြီဆိုရင် ခုန်ကူးမှာပဲ။ အဲ့လိုမျိုး Electronခုန်ကူးတာကို Currentလို့ခေါ်တယ်။
  • ခုန်ကူးလာတဲ့ Electronပမာဏကို တဖက်က လက်ခံဖို့ရာအတွက် Resistanceနည်းရင်လည်း ပျက်စီးတာပဲ။ ဒါကို Electrical shockလို့ခေါ်တယ်။ ဓာတ်လိုက်ပြီး သေတာမျိုးပေါ့။
Molecules
  • နောက်တစ်ခုသိရမှာက ၂ခုနဲ့ အထက်ရှိတဲ့Atomတွေကို ပေါင်းစည်းတာကို moleculesလို့ခေါ်တယ်။ Moleculesမှာမှ Ionic Bondနဲ့ Covalent Bondဆိုပြီး Bonding ၂မျိုးကွဲမယ်။
  • Covalent Bondဆိုတာက ဘာကိုပြောချင်တာလဲဆိုတော့ Non-metal Atom ၂လုံးကို ပေါင်းစပ်ပြီး ဖြစ်တည်လာတဲ့moleculeမျိုးပေါ့။ Periodic Tableမှာ ကြည့်မယ်ဆိုရင် 1H, 2He, 3Li, 4Be, … ၁၀တန်းတုန်းက သင်ခဲ့ရတဲ့ Periodic Tableထဲကဟာတွေနော်။
  • Hydrogen Atom(H1)မှာ Electronတစ်လုံးပဲရှိမယ်။ ကျန်တဲ့ Hydrogen Atom(H1)တစ်လုံးနဲ့ ထပ်ပေါင်းလိုက်တော့ သူက Hydrogen Moleculesဖြစ်လာတယ်။
  • Covalent Bondသည် Non-metalတွေကြားထဲမှာပဲ ဖြစ်တဲ့ Bondingတစ်မျိုးပေါ့။ ဥပမာ Hydrogen Gas(H2)ပေါ့။ အဲ့ဒါကိုမှ Oxygen Atomတစ်လုံးနဲ့ ပေါင်းမယ်ဆိုရင် ရေ(H20)ဖြစ်လာမယ်။
  • Ionic Bondဆိုတာကျတော့ Metal Atom၂ခုကိုပေါင်းပြီး ဖြစ်လာတဲ့ moleculeမျိုးပေါ့။ ဥပမာ Sodium(Na) + Chlorine(Cl) = NaCl = Saltဒါမျိုးကို ပြောချင်တာ။
  • Atomတွေက အပေါ်မှာ ရှင်းခဲ့သလို Covalent Bondingနဲ့‌ ပေါင်းစပ်ပြီး Solid Crystalline Materialတွေဖြစ်လာနိုင်တယ်။ Silicon Atomတွေကို အဲ့လိုမျိုးပေါင်းစပ်ပြီးတော့ Valence Band(Outermost Shell)ထဲမှာ Electron ၄ခုပါတဲ့ Silicon Crystalဆိုပြီး ဖြစ်လာတယ်။
Semi-Conductors
  • Silicon Crystalဆိုတာက ဘာလဲပေါ့။ ဒီကောင့်ကို Gayလို့ပဲခေါ်ရမယ်။ Siliconသည် Metalမဟုတ်သလို Non-metalလည်း မဟုတ်ပြန်ဘူး။ သူ့ကို Metalloidလို့လည်းခေါ်တယ်။ ဒါကိုအသုံးချပြီးတော့ Semi-conductorဆိုပြီးဖြစ်လာတယ်။ Siliconကို သုံးရခြင်းအကြောင်းက သူ့မှာ Impurity Defectsတွေမရှိဘူး။ အဲ့ဒါကိုတော့ မရှင်းတော့ဘူး။
  • Electronခုန်ကူးတာကို အခြေခံပြီးတော့ Semi-conductor device(တစ်ပိုင်းလျှပ်ကူးပစ္စည်း)ကို တီထွင်လိုက်တယ်။ Semi-conductorရဲ့တည်ဆောက်ပုံက ကြားထဲမှာ တစ်ဖက်နဲ့တစ်ဖက်က ထိမနေဘူး။ ကြားထဲမှာ Energy band gapကို အနီးဆုံး အကွာအဝေးတစ်ခုနဲ့ ဟထားတယ်။ Energyပေးမှသာ ခုန်ကူးနိုင်ရုံလောက်ပေါ့။ Semi-conductorရဲ့ Electron Currentမှာ Electron Currentနဲ့ Hole Currentဆိုပြီးတော့ Current Carrier၂မျိုးရှိတယ်။
  • ခုနက Electronခုန်ကူးတာကို အခြေခံပြီးတော့ Semi-conductor device(တစ်ပိုင်းလျှပ်ကူးပစ္စည်း)ကို တီထွင်လိုက်တယ်။ Semi-conductorရဲ့တည်ဆောက်ပုံက ကြားထဲမှာ တစ်ဖက်နဲ့တစ်ဖက်က ထိမနေဘူး။ ကြားထဲမှာ Energy band gapကို အနီးဆုံး အကွာအဝေးတစ်ခုနဲ့ ဟထားတယ်။ Energyပေးမှာသာ ခုန်ကူးနိုင်ရုံလောက်ပေါ့။ Semi-conductorရဲ့ Electron Currentမှာ Electron Currentနဲ့ Hole Currentဆိုပြီးတော့ Current Carrier၂မျိုးရှိတယ်။
  • Siliconကို Energy(အပူ)ပေးလိုက်တဲ့အချိန်မှာ Band Gapကနေတစ်ဆင့် တစ်ဖက်က Conduction Bandကို Valence Bandပေါ်က Electronတွေ ရွေ့သွားမယ်။ အဲ့ဒီရွေ့သွားတဲ့ Electronsတွေကို Free Electronsလို့ခေါ်တယ်။
  • အဲ့လိုရွေ့သွားတဲ့အချိန်မှာ တစ်ဖက်မှာ နေရာလွတ်တွေရှိလာတယ်။ အဲ့ဒါတွေကို Electron Holesလို့ခေါ်တယ်။
  • Conduction Bandပေါ်ကို ရောက်သွားတဲ့ Free Electronsတွေက Positive Chargeတွေရှိတဲ့နေရာကို ရွေ့သွားမယ်။ အဲ့ဒါကို Electron Currentလို့ခေါ်တယ်။ ဆိုတော့ အဲ့လိုမျိုး Silicon Crystalsတွေက နေရာလွတ်တွေရှိနေတဲ့ Electron Holesတွေနေရာကို ထပ်ဖြည့်တယ်။ ငါ့မှာ ပိုက်ဆံရှိတယ်။ ရော့ယူသုံး။ အဲ့လိုပုံစံပဲ။ အချင်းချင်း Sharingလုပ်တယ်။
  • အဲ့လို Valence Bandပေါ်မှာ ဖြစ်တည်လာတဲ့ Currentကိုကျတော့ Hole Currentလို့ခေါ်တယ်။
Diode (A Semi-conductor device)
  • အဲ့ဒီကနေ Diodeဆိုပြီး တစ်ပိုင်းလျှပ်ကူးပစ္စည်း တစ်ခုဖြစ်လာတယ်။ သူ့ထဲကို N-type Dopingလုပ်ထားတယ်။ P-N junctionလို့လည်းခေါ်တယ်။ N-Type Dopingဆိုတာက Electronတစ်လုံးကို Valence Bandထဲမှာ Electronအပိုတစ်လုံးထည့်လိုက်တာ။ အဲ့လိုထည့်လိုက်တဲ့အတွက် protonထက် electronက ပိုများသွားတယ်။ Proton‌sတွေက Electronsတွေကို ဆွဲငင်ထားတယ်ဆိုပေမယ့် ဒီElectronတစ်လုံးကိုတော့ loseဖြစ်ဖို့များတယ်။ အဲ့လိုဖြစ်အောင် လုပ်ထားတာ။ ဒါမှလည်း ခုန်ထွက်ပြီး conduction bandကို ရောက်ဖို့ ပိုသေချာတာကိုး။
  • Batteryနဲ့ အဲ့လိုချိတ်ထားတဲ့အတွက် Siliconရဲ့ Valence Bandပေါ်က Electron(-)တစ်ခုက positive ions(+)တစ်ခုနဲ့ ပေါင်းပြီး ကျွန်တော်တို့ သုံးလို့ရတဲ့ Energyထွက်လာတယ်။
  • Electronsတွေ ရွေ့လျားမှုကြောင့် ထွက်လာတဲ့ Energyဖြစ်လို့ Electric Energyလို့ ကျွန်တော်တို့ ခေါ်ကြတာပေါ့။
  • N-type dopingလုပ်ထားတဲ့ဘက်ကို Negative voltageပေးမှပဲရမယ်ဆိုတာသည် Siliconက သူ့ရဲ့ Valence Bandပေါ်က ထွက်သွားတဲ့ Electrons(-)တွေကို လွတ်နေတဲ့ electron holeအချင်းချင်း Sharingလုပ်တဲ့အပြင် လိုအပ်တဲ့ Negatively Charged Particles(-)တွေကိုလည်း Batteryရဲ့ anode(Negative Terminal)ကနေ ရယူတယ်။ အဲ့လိုအခြေအနေရှိတဲ့အတွက် ကျွန်တော်တို့က Diodeကို ပြောင်းပြန်သွားတတ်လို့မရဘူး။
  • ပြောင်းပြန်သွားတတ်ရင် ဘာဖြစ်သွားသလဲဆိုတော့ Siliconထဲက Electronsတွေက Positiveဘက်က Attractလုပ်သွားတဲ့အတွက် Band Gap or Junctionကနေ တစ်ဖက်ကို စီးနိုင်တော့မှာ မဟုတ်ဘူး။ ဆိုတော့ ရှင်းအောင်ပြောရရင် Diodeသည် Forward biasedပဲ စီးနိုင်တယ်။ ပြောင်းပြန်တပ်ရင် Reverse biasedမှာ မစီးနိုင်ဘူး။
  • နောက်တစ်ခုက အပေါ်က ရှင်းခဲ့သလိုပဲ။ Band Gapဖြစ်နေတဲ့အတွက် Electronတွေက အကုန်တော့ မရွေ့နိုင်ဘူး။ သူ့မှာ အတိအကျတွက်ရင် 0.67V Power Lossရှိတယ်။ Germaniumရဲ့ power lossကတော့ 0.2V to 0.3V ကြားပဲရှိတယ်။ ဘာကြောင့်လဲဆိုတော့ သူ့မှာ electronပိုများလို့။ ဒါက Diode‌တွေ မှာ သုံးတဲ့ elementsတွေပေါ့။
  • Batteryသုံးရင် ဘာလို့ အားကုန်သလဲဆိုတော့ positively charged particles (+)၊ negative charged particles (-)ဆိုတော့ အဲ့၂ခုcollisionဖြစ်ရင် Energyထွက်လာတယ်။ +1–1 = 0 အဲ့ဒါဆိုရင် ရှင်းမယ်ထင်ပါတယ်နော်။
Vacuum Tube
  • Siliconကို အသုံးမချခင်တုန်းက Vacuum Tubeတွေကို သုံးပြီး Semi-conductorဖြစ်အောင်သုံးကြတယ်။ အဲ့tubeထဲမှာ Low pressure gas or Mercury Vaporထည့်ထားတယ်။
  • အရင်ခေတ်က radioဖွင့်မယ်ဆိုရင် အဲ့ဒီTubeကြီး ပူလာအောင် စောင့်ရတယ်။ ပူလာမှလည်း Electronsတွေက ရွေ့မှာကိုး။ Electronsတွေ ရွေ့ဖို့ကလည်း Siliconလို low-voltageလေးပေးရုံလောက်နဲ့ မရဘူး။ အတော်စောင့်ရတယ်။ အဲ့လိုကြီးကို လုပ်ခဲ့ရတယ်။
  • အသုံးပြုလို့ရပေမယ့် Time wasteပိုဖြစ်တယ်။ Heatပိုတက်မယ်။

Forward biased, Reverse biased Problems in Diodes

It’s just about how you wanna describe!
  • ဒီForward-biased, reverse-biasedနဲ့ ပတ်သက်ပြီး ငြင်းခုန်နေခဲ့ကြတာရှိတယ်။ အဲ့ဒါကို ကျွန်တော် တစ်ခါတည်း ဖြေရှင်းပေးလိုက်မယ်။ ငြင်းသာငြင်းနေကြတာ ရှင်းလည်း မပြတတ်။ အဲ့လိုဖြစ်ကြတာရယ်။
  • Forward-biasedမှာ စီးတာမှန်တယ်လို့ ပြောတဲ့သူတွေသည် Conventional Currentကိုပဲသိပြီး လက်ခံသူတွေပေါ့။ ဒါလည်း မှန်တာပဲ။
  • Reverse-biasedမှာ စီးတယ်လို့ ပြောတဲ့သူတွေသည် Protonသည် Electronကို attractတယ်ဆိုတဲ့ Detailsကို သိတဲ့အတွက် တစ်ဖက်က N-type Doping Siliconထဲကနေ ထွက်လာတဲ့ Electrons(Negatively charged particles)တွေသည် anode(positive terminal)ဘက်ကို ပြေးကပ်တာကို မြင်လို့ပြောတာ၊ တစ်နည်းအားဖြင့် Electron currentကိုမြင်လို့။ ဒါလည်းမှန်တာပဲ။
  • ၂မျိုးလုံးမှန်တယ်။ နားလည်ထားတဲ့ ပုံစံကွာသွားတယ်။ 3ဆိုရင် နည်းသလားဆိုပြီး မေးသလိုမျိုးပေါ့။ ဒေါ်လာဆိုရင်တော့ နည်းတယ်။ Radiationဆိုရင်တော့ များနေပြီ။ Depends on the contextလို့ပဲပြောရမယ်။ ဆိုတော့ ဒီကိစ္စကို ဆက်မငြင်းခုံကြပါနဲ့လို့ ပြောချင်ပါတယ်။
Transistors
  • အဲ့ဒီကနေပြီးတော့ Triodeဆိုတဲ့ pin ၃ချောင်းပါတဲ့ Semi-conductorတစ်ခုကို ထွင်လိုက်တယ်။ သူက voltage controlled device။ Transistorဆိုတဲ့ current controlled deviceကို ထပ်ထွင်လိုက်တယ်။
  • အလုပ်လုပ်ပုံက Baseကို လုံလောက်တဲ့ voltageပေးလိုက်ရင် Currentက Collector to Emitterကို ဖြတ်စီးမယ်။ Baseသည် ရေပိုက်အဖွင့်အပိတ်လုပ်တဲ့ သဘောမျိုးပါပဲ။
  • အဲ့ဒီကစပြီး Electronicsနည်းပညာက တစ်ဟုန်ထိုး တိုးတက်လာတယ်။ သူကျတော့ P-Type Dopingပါပါလာတယ်။ Baseကို lightly dopedလုပ်ထားပြီးတော့။ Emitterဘက်ခြမ်းက Nကိုတော့ heavily dopedလုပ်ထားတယ်။ Positive Voltageသုံးတဲ့ Circuitတွေမှာဆိုရင် NPNသုံးမယ်(positive charge attractရအောင်ပေါ့)။ မျှားသည် emitterဘက်ကို ထိုးထားတဲ့အတွက် NPN‌ပေါ့။ PNPဆိုရင် အပေါ်က collectorဘက်ကို ထိုးမယ်။ PNPကိုကျတော့ Negative Voltage Sourceနဲ့ အသုံးပြုတဲ့ Applicationတွေမှာသုံးမယ်။ ဥပမာ Landline(ကြိုးဖုန်း)တွေပေါ့။ (ဘာကြောင့်သုံးရလဲသိချင်ရင် ရှာဖတ်လို့ရပါတယ်။)
  • ဒီကောင့်ကို JFET (Junction-gate field-effect transistor)လို့ခေါ်တယ်။ CMOS(Complementary Metal Oxide Semi-conductor) ဆိုတာလည်းရှိတယ်။ ဒီကောင်က သူ့နောက်မှ ပေါ်တယ်။ သူ့ထက်ပိုပြီး သုံးရတာ stableဖြစ်တယ်။ အကြမ်းခံတယ်။
  • Nနဲ့Pကြားမှာ Band Gapရှိတယ်။ အလုပ်လုပ်ပုံက baseကို energy(positive voltage)ပေးလိုက်ရင် collector to emitterစီးသွားမယ်။ ခုနကရှင်းခဲ့တဲ့အတိုင်း energyရလာတဲ့အတွက် valence electronsတွေက Pကို ဖြတ်ပြီး အပေါ်က Nကနေ အောက်ဘက်က Nဆီကို စီးသွားတယ်။
  • လွယ်လွယ်ပြောရမယ်ဆိုရင် ရေပိုက်လိုပဲ။ baseသည် ခလုတ်ပေါ့။ အဲ့ခလုတ်ကို ဖွင့်လိုက်တာနဲ့ ရေစီး(collector to emitter)သွားမယ်။ အဲ့လိုစီးသွားတာသည် ရေစီးကြောင်းနဲ့ တူတဲ့အတွက် currentလို့ခေါ်တာ။
AND Gate in Details
  • Gateတွေကိုလည်း ဒီလိုမျိုး Transistorတွေထည့်ထားပြီး တည်ဆောက်ထားတယ်။ ဒီပုံမှာ resistor, R2ကို ဘာလို့Outputဘက်မှာ Groundချထားရလဲဆိုတာ မေးစရာရှိတယ်။ ချမထားဘူးဆိုရင် inputဘက်က voltageနည်းနည်း ဝင်နေတာနဲ့ TRUEပဲထွက်နေမှာပါ။
  • Band Gapက Baseနဲ့Emitterမှာ ကပ်နေတဲ့အတွက် အလုပ်လုပ်ပါတယ်။ Collectorကနေ Voltageမစီးပေမယ့် Baseက ဝင်လာမယ့် Positive Voltageနဲ့တင် TRUEထွက်နိုင်မျိုးပါ။ Aက voltageပေးမထားရင်တောင် Bကြောင့် TRUEဖြစ်နိုင်နေတာမျိုးပါ။ ဒါကတော့ လက်တွေ့လုပ်မှပဲ နားလည်လိမ့်မယ်။
  • outputမှာ မထည့်ဘဲ A, B inputမှာ resistor၁လုံးစီသုံးပြီး Groundချထားလည်းရတယ်။ ဒါပေမယ့် Resistor၂လုံးကုန်မယ်။ ဒါကြောင့် outputဘက်မှာ ထည့်ထားတာမျိုးပေါ့။
AND Gate in Abstraction
  • ဒါတော့ Transistorမပါဘဲ I/O(Input/Output)ကို Abstractionနဲ့ ပြတဲ့Logic Gateပုံစံပေါ့။ Abstractionဆိုတာက သူရဲ့ Low-level implementationတွေကို အကုန်မပြတော့ဘဲ မလိုအပ်တာကို hideထားတာမျိုးပေါ့။ ယူသုံးရုံပဲ။
  • AND Gate ICကို သုံးမယ်ဆိုရင် Gateတွေက ၂ပင်နဲ့ပဲ လာပါတယ်။ input ၃ပင်သုံးမယ်ဆိုရင် အဲ့လို ပြန်သုံးရပါတယ်။
  • ဒါသည် Programmingဘက်ကနေ ကြည့်မယ်ဆိုရင် Logical AND Operatorကို ၃ခါစစ်တဲ့ပုံစံပေါ့။ Boolean valueတွေဖြစ်တဲ့ TRUE(1), FALSE(0)တွေပဲ returnပြန်ပေးတာမျိုးပေါ့။
Karnaugh Map
  • ဒါကတော့ Karnaugh Mapပေါ့။ Designချရင်းနဲ့ Logic Gatesတွေ ပိုပါသွားတာမျိုးတွေ ရှိတတ်တယ်။ သူ့ကိုသုံးတာက ပိုနေတဲ့Logic Gatesတွေကို reduceလုပ်ဖို့ပေါ့။ Boolean Algebra Expressionတွေကို Simplify versionနဲ့ ချပြနိုင်တာမျိုးပေါ့။ Circuitပိုင်းကို ဆင်းပြီး လေ့လာမယ့်သူဆိုရင် ဒါရဲ့ အတွက်အချက်ကို လေ့လာသင့်တယ်။
Using NAND Gate as Universal Gate
  • Low-levelထိ ဆင်းပြီး Circuitဆင်မယ်ဆိုရင် NAND Gateဝယ်တာက ပိုefficientဖြစ်တယ်ဆိုတာကို သိစေချင်လို့ပါ။ Universal Gateလို့ ခေါ်ရခြင်းအကြောင်းကတော့ သူကနေ ကြိုက်ရာGateကို ပြောင်းသုံးလို့ရလို့ပါပဲ။

Electronics Engineer-cum-Java Programmer